ပေါက်ခေါင်း စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က (အိုးဘိုကုန်း) ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်ခရိုင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ် (၃၇) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမျိုးမင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းအရာများအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်၍ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာ အချက်အလက်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)