ခန္တီး စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်ခြင်းများကို စက်တင်ဘာလ ၉ ရက်နေ့မှ စတင်၍ ရွှေပြည်သာကျေးရွာအုပ်စုတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါရွှေပြည်သာအုပ်စုရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်-၂ ဖြင့် အိမ်ထောင်စုနှင့် နိုင်င်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိနိထိ အိမ်ထောင်စုဦးရေစာရင်း(၃)စုနှင့် နိုင်ငံသားကတ်(၇၉)ဦး ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆက်လက်၍ ဒေသခံပြည်သူများရှိရာ ရပ်ကွက်/ကျေးရွာများပါမကျန် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
အေးခိုင်(ပြန်/ဆက်)