သဲကုန်း​မြို့နယ်၌ ကျောင်းပညာဆက်လက်သင်ယူနိုင်ရေး ပညာသင်စရိတ်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ 

သဲကုန်း စက်တင်ဘာ ၁၁

ပဲခူးတိုင်း​​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပညာ​ရေးမှူးရုံးတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ​ဆင်းရဲနွမ်းပါးသူ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပညာဆက်လက်သင်ယူနိုင်ရေး ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယ​​နေ့နံနက် ၉ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နတ်တလင်းခရိုင် ပညာရေးမှူး ဒေါ်အေးအေးစန်းက ၂၀၂၃- ၂၀၂၄ ပညာရေးနှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့်​ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ရခြင်းမှာ ကျောင်းဖွင့်ချိန်ကာလတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်ဖြစ်ကြောင်း၊ သားငယ်၊ သမီးငယ်များကလည်း စည်းကမ်းကောင်းမွန်သည့် ဘက်စုံထူးချွန်သော ​ကျောင်းသား၊ ​ကျောင်းသူဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

သဲကုန်းမြို့နယ်တွင် ပညာသင်စရိတ်လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူ (၁၈၃) ဦးအား ပထမသုံးလပတ်အတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။ ထိုသို​ထောက်ပံ့ပေးအပ်ရာတွင် အထက်တန်းအဆင့် ကျောင်းသား/သူ(၂၃)ဦး၊ တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀)၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၄၁)ဦး၊ တစ်ဦးလျှင် ငွေကျပ်(၈၀၀၀)၊ မူလတန်းအဆင့် ကျောင်းသား/သူ (၁၁၉)ဦး တစ်ဦးလျှင်​ ငွေကျပ်(၅၀၀၀)တို့ကို (၁၀)လ ထောက်ပံ့ပေးသွားမည်​ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်

ကိုကျော် (ပြန်၊ဆက်)