တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အဖွဲ့ဝင်များ ကော့သောင်းမြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်

ကော့သောင်း စက်တင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ (၁၀)မိုင်ကျေးရွာရှိ အစိုးရနည်းပညာအထက် တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။

ထိုသို့အမှာစကားပြောရာတွင် နောက်လာမည့် ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများရရှိရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ခရိုင်များသို့ အသိပေးနှိုးဆော်သွားမည်ဖြစ်ကြောင်း၊ ကော့သောင်းမြို့နယ်အတွင်းရှိ ဟိုတယ်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဟိုတယ်နှင့် သက်ဆိုင်သောသင်တန်းများအား ဖွင့်လှစ်ဆောင်ရွက်ပေးသွားရန် အမှာစကားပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာ ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်အဆိုပါကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်သား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)