ပေါင်းတည်၌ ကျောင်းကုန်း-ကင်မွန်းခြုံကျောက်ချော ကျေးလက်ကုန်ထုတ်လမ်း ၉၀ ရာခိုင်နှုန်း ခင်းကျင်းပြီးစီး

ပေါင်းတည် စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျောင်းကုန်း-ကင်မွန်းခြုံ ကျောက်ချော ကျေးလက်ကုန်ထုတ်လမ်းကို  Htwe & Win Construction Co.Ltd မှ တာဝန်ယူ ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလမ်းသည် ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ခင်းကျင်းပြီးစီးနေပြီဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၂၄၇.၅၀၇ သန်းဖြင့် လမ်းအရှည် ၂ကီလိုမီတာ၊ အကျယ် ၄.၈၈ မီတာနှင့် အမြင့် ၃၅၀ မီလီမီတာ ရှိသော ကျောက်ချောလမ်းဖြစ်ကြောင်း၊ ထိုလမ်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ပထမ အပတ်မှ စတင် ဖောက်လုပ်ခဲ့ပြီး ၂၀၂၃ခု နှစ်၊ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ခင်းကျင်းပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)