ငပုတော စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်ကုန်စည်စျေးနှုန်း ထိန်းညှိလျော့ချရေးကော်မတီနှင့် ဆီကုန်သည်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်ကုန်စည်စျေးနှုန်း ထိန်းညှိလျော့ချရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ဆီကုန်သည်များအနေဖြင့် မိမိတို့လက်လီ ဝယ်ယူသည့် စျေးနှုန်းနှင့် လက်ကားဖြန့်ဖြူး ရောင်းချသည့် စျေးနှုန်းများကို စာရင်းပြုစုတင်ပြနိုင်ရေး၊ ဝင်ရောက်လာသော စားသုံးဆီများကို မမှန်မကန် ပြုပြင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်စျေးနှုန်းတိုင်း ရောင်းချပေးနိုင်ရေး၊ စားသုံးဆီများကို ပုံမှန်စျေးနှုန်းများဖြင့် ပုံမှန်ရောင်းချပေး နိုင်ရေးနှင့် အခြေခံလူတန်းစားများအား ကုန်စျေးနှုန်းသက်သာချောင်ချိရေးအတွက် ရောင်းချပေးရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက် ပြောကြားပြီး ဆီကုန်သည်များက လိုအပ်သည်များ ပြန်လည်တင်ပြလာမှုအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)