ငရုတ်ကောင်း စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် စားအုန်းဆီများ ရောင်းချလျက်ရှိသည့် ဈေးဆိုင်များနှင့် တွေ့ဆုံကာ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ငရုတ်ကောင်းမြို့တွင် ပြည်သူများ ဝယ်ယူသုံးစွဲနေသော စားအုန်းဆီဈေးနှုန်းများကို တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်း ရောင်းချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။ ၎င်းတွေ့ဆုံဆွေးနွေးရာသို့ မြို့ပေါ်ရပ်ကွက်(၂) ရပ်ကွက်ရှိ ဈေးဆိုင်သမား (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)