ရွှေကျင် စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဂန့်ဂေါ်ဝိုင်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးငြိမ်းသူအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က လူကုန်ကူးမှုခံရသူများနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့် ဒုက္ခများကို အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုနှင့်ပတ်သတ်သည့် သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ စိတ်ဝင်တစား လေ့လာကြည့်ရှု့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)