သဲကုန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရေး အသိပေးရှင်းလင်း

သဲကုန်း စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၂) နှစ်အထိ မိန်ကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀)နာရီက သဲကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း သာဓုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွဋ်က ဆောင်ရွက်ရန် ကိစ္စရပ်များအား အမှာစကားပြောကြား၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာစိုးမင်းထွေးက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ကျန်းမာရေးမှူး ဒေါ်သိင်္ဂီဝင်းက မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံမှုနှင့် ကာကွယ်ဆေး လွှမ်းခြုံမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ၊ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေနှင့် ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးမထိုးသင့်သော အခြေအနေများ၊ သားအိမ်ခေါင်းကင်ဆာရောဂါ(အိတ်ခ်ျပီဗီ) ကာကွယ်ဆေးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို (၁-၉-၂၀၁၁) မှစ၍ (၃၁-၈-၂၀၁၄) အတွင်း မွေးဖွားသော ကျောင်းနေအရွယ် မိန်းကလေးများကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ကျောင်းခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို (၁၈-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေုပြု ကာကွယ်ဆေးထိုးနှံခြင်းကို (၁၆-၁၀-၂၀၂၃)ရက်နေ့မှ (၂၇-၁၀-၂၀၂၃) ရက်နေ့များတွင် လည်းကောင်း သဲကုန်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ အသက် (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ‌မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)