ဖြူး စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးမြို့မ (၁) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့ နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ စာကြည့်တိုက်များအကြောင်းနှင့် ဖတ်နိုင်သည့် စာအုပ်အမျိုးအစားများအကြောင်း အသိပညာပေးဟောပြောသည်။ ထို့နောက် ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ပပလင်းက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာဥပဒေများ၊ ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ စားသောက်ရေးကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက် ကြကြောင်းနှင့် ဟောပြောပွဲအပြီးတွင် မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ပြဘုတ်များကို ပြသပေးရာ ကျောင်းသား/ ကျောင်းသူများက လေ့လာဖတ်မှတ်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)