အုတ်ဖိုမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အုတ်ဖို စက်တင်ဘာ ၁၁

တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်အတွင်း စက်ကိရိယာများ အဆင်ပြေချောမွေ့စွာ မောင်းနှင်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁၆) စက်မှုလယ်ယာစခန်းတွင် ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးအရာရှိ ဦးဌေးအောင်က သင်တန်းတက်ရောက်ရခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက  စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည်။

သင်တန်းတွင် သင်တန်းသား (၃၃) ဦး တက်ရောက်သွားမှာဖြစ်ပြီး သင်တန်းကာလကို စာတွေ့လက်တွေ့ (၂) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)