ပန်းတောင်းမြို့ ကြက်ခြေနီရုံးတွင် ကမ္ဘာ့‌ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

ပန်းတောင်း စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့ ကြက်ခြေနီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သံဃာတော်သုံးပါးအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းကာ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး နံနက် (၉) နာရီအချိန်တွင် အခမ်းအနားစတင်ကာ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြင့်ဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းဦးမှ မြန်မာနိူင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်မှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားပေးခဲ့သည်။

ထို့နောက် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ သရုပ်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို နံနက် ၁၁ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)