ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား ကျောင်းပြင်ပကွင်းဆင်းလေ့လာရေး ခရီးပို့ဆောင်

ရွှေတောင် စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှကျောင်းသား / ကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းက ကျောင်းတွင်းဘာသာရပ်များ သင်ကြားမှုအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီးကို ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ကျောင်းပြင်ပကွင်းဆင်းလေ့လာရေးခရီး ပို့ဆောင်ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ပံ့ပိုးကူညီမှုဖြင့် ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၅၉) ဦးတို့အား ရွှေတောင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်ပါ၍ ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်းရှိ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူဦးတူး၏ စီးပွားဖြစ်နို့စားနွားမွေးမြူထားရှိမှုနှင့် တောင်သူဒေါ်သောင်းရီ စိုက်ပျိုးထားသော မျိုး (၈) မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ကွက်အား လည်းကောင်း၊ မယားမန်ကျေးရွာရှိ တောင်သူဦးခင်မြင့်၏ ရတနာတိုး (RS-CS) မျိုးစေ့ထုတ်စိုက်ခင်းအားလည်းကောင်း၊ လေးထောင့်ကန်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝင်းစံပယ်၏ အသားတိုးကြက်ခြံတို့အား ကွင်းဆင်းလေ့လာခဲ့ကြပြီးနောက် ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာ၌ တည်ထားကိုးကွယ်လျက်ရှိသော ရွှေဘုံသာမုနိစေတီတော်မြတ်အား သွားရောက်ဖူးမြော် လေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)