ကန်ကြီးထောင့်မြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးမြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ကန်ကြီးထောင့် စင်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးမြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်ကအဖွင့်အမှာစကား ပြောကြား ခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်က ကျန်းမာရေးနှင့်သက်ဆိုင်သော အ‌ကြောင်းအရာများကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မာလွင်မှ (HPV)ရောဂါပိုးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ (HPV) ရောဂါကာကွယ်ဆေးထိုးနှံရခြင်း၏ ရည်ရွယ်ချက်များ၊ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များနှင့် ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်းအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများစသည်တို့ကို ရှင်းလင်း ပြောကြားခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါ်ခင်မာလွင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်အကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး များက တက်ရောက်ခဲ့ကြပြီး သိရှိလိုသည် များကို မေးမြန်းခဲ့ကြရာ ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရှိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)