ရှမ်းရွာသစ်မြို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်

ရှမ်းရွာသစ်   စက်တင်ဘာ  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြည်သူများ ကရင်တိုင်းရင်းတို့၏ ရိုးရာဓလေ့ယဉ်ကျေးမှု အကြောင်းသိရှိစေရန် ရည်ရွယ်၍ ဝါခေါင်လတွင် ကျင်းပပြုလုပ်သော ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ(Talk Show)ဆွေးနွေးပွဲတွင် ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ချည်ဖြူဖွဲ့မင်္ဂလာသမိုင်း ကြောင်းများ၊ ချည်ဖြူဖွဲ့ရာတွင် ပါဝင်ပစ္စည်းများအကြောင်း စသည်ဖြင့် ကရင်ရိုးရာချည်ဖြူ ဖွဲ့မင်္ဂလာနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။

ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)