ကြံခင်းမြို့နယ် ကွေ့မကျေးရွာတွင် မေတ္တာပေါင်းကူးကြိုးတံတားဖွင့်ပွဲ ကျင်းပ

ကြံခင်း စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကွေ့မကျေးရွာအုပ်စုတွင်  မေတ္တာပေါင်းကူးကြိုးတံတားဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကြိုးတံတားတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားရာတွင် ဒေသနေပြည်သူများ ကြိုးစားမှုကြောင့် လူမှုစီးပွားဖွံဖြိုးတိုးတက်လာမှာဖြစ်ပြီး၊ ကျေးရွာအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားပြီးနောက်၊  မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ကြံခင်း၊ ကွေ့မကျေးရွာနှင့်မြန်အောင်၊ နတ်ပီတိ၊ ချင်းစုကျေးရွာ ပေါင်းကူးကြိုးတံတားဖွင့်လှစ်ခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ပညာရေး၊ ကျန်းမာရေးကဏ္ဍများပါ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ ဒေသနေပြည်သူများ ပူးပေါင်းဆောင်ရွက်မှုအပေါ် ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားပါသည်။

ထို့နောက် ကွေ့မကျေးရွာအုပ်စုမှ ရပ်မိရပ်ဖဦးသိန်းစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက်၊ မင်္ဂလာအချိန်တွင် မေတ္တာပေါင်းကူးကြိုးတံတားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မ်ြုနယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြည်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းထွဋ်နှင့် အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မုခ်ဦးဆိုင်ဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ မော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းဖွင့်လှစ်ပြီး၊  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီးနောက်၊ ကြိုးတံတား တည်ဆောက်ထားခြင်း အားတက်ရောက် ကြည့်ရှုကြသည်။

အဆိုပါကြိုးတံတားသည် ကြံခင်းမြို့၊ ကွေ့မကျေးရွာအုပ်စုနှင့် မြန်အောင်မြို့၊ နတ်ပီတိကျေးရွာအုပ်စု၊ ချင်းစုကျေးရွာတို့ ပေါင်းကူးတံတားဖြစ်ရာ အရှည်(၁၆၈)ပေ၊  အကျယ်(၅)ပေဖြစ်ပြီး၊ Switzerlandနိုင်ငံမှ MR. BESTANTONRUETTMANN ကလှူဒါန်းသော စတီးလ်ထည်များနှင့် မတည်အလှူရှင်(အေးအောင်ဆန်စက်)နှင့် ဒေသခံပြည်သူများမှ ပူးပေါင်းမတည်လှူဒါန်းငွေကျပ်(၂၄၂)သိန်းဖြင့် တည်ဆောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)