ပုလော စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အသက်(၁၀-၁၅) နှစ်အကြား ကိုယ်ရပ်ဌာနေ ခေတ်ဟောင်း တေးသီချင်းဖြင့် အမျိုးသား(၅) ဦး၊ ရွာသာယာ ခေတ်ဟောင်းတေးသီချင်း(အဆို) အမျိုးသမီး (၁၈) ဦး၊ အသက်(၁၅-၂၀)အကြား ရွှေကျီးညို ခေတ်ဟောင်းတေးသီချင်း(အဆို) အမျိုးသား (၈)ဦး၊ ချစ်စရာတို့ရွှေတမာ ခေတ်ဟောင်းတေးသီချင်း(အဆို) အမျိုးသမီး (၈)ဦး၊ ဝါသနာရှင်(၂) ဦးက ဖန်တီးသူတို့ အပြုံးများ၊ တရေးချစ်ခွင့်မြင်ရနိုး၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ ပုဂံအလှရှာပုံတော်တေး သီချင်းဖြင့် စုစုပေါင်း (၄၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၂၄) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုတွင် ရွှေကျီးညို တေးသီချင်းဖြင့် ပထမဆုကို မောင်နိုင်းထက်အောင် အ.ထ.က (၁)၊ ဒုတိယဆုကို မောင်ဆောင်းရဲရင့်ဦး အ.ထ.က(၂)၊ တတိယဆုကို မောင်အောင်ကိုဝင်းအ.ထ.က(၁)၊ ချစ်စရာတို့ ရွှေတမာ တေးသီချင်းဖြင့် ပထမဆုကို မယွန်းယမုံနိုင် အ.ထ.က (၁)၊ ဒုတိယဆုကို မဆုရတနာကျော် အ.ထ.က (၂)၊ တတိယဆုကို မအေးသူဇာကျော် အ.ထ.က(၂)၊ ကိုယ်ရပ်ဌာနေ တေးသီချင်းဖြင့် ပထမဆုကို မောင်လင်းအာရုဏ် မူလွန်(၄)၊ ဒုတိယဆုကို မောင်မိုးဝေယံ အ.မ.က(၇)၊ တတိယဆုကို မောင်ထက်ဝေယံလင်း(မူလွန်-၄)၊ ရွာသာယာ တေးသီချင်းဖြင့် ပထမဆုကို မခင်ဆောင်းဟေ အ.ထ.က(၂)၊ ဒုတိယဆုကို မဆုရည်ထက် အ.ထ.က(၁)၊ တတိယဆုကို မကေဇင်သွယ် အ.ထ.က (၂)တို့က ဆုများ အသီးသီး ဆွတ်ခူးခဲ့ကြောင်း၊ ဆုရရှိသသည့် ကျောင်းသူ/ကျောင်းသားများနှင့် ဝါသနာရှင် (၂)ဦးကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)