ကျွန်းစု စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီ အချိန်က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲကို Old Star အသင်းနှင့် Honda အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများက လာရောက်ကြည့်ရှူအားပေးခဲ့ကြပြီး Old Star အသင်း က (၂-၁)ပွဲဖြင့် အနိုင်ရရှိခဲ့သည်။
ထိုနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် အသင်းများမှ ကွင်းအတွင်း နေရာရယူခဲ့ပြီး ဒုတိယ ရရှိသော Honda အသင်းနှင့် ပထမဆု ရရှိသော Old Star အသင်းတို့အား လည်ဆွဲဆုနှင့် ငွေသားဆုများကို ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ပထမဆု ရရှိသောအသင်းအား တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)