ရှမ်းရွာသစ် စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာယမန်နေ့က (၁၆)ကုတင် ဆန့်တိုက်နယ်ဆေးရုံဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့်ဝန်ထမ်းများ၊ အခြေချနည်းဗျူဟာမှတပ်ဖွဲ့ဝင်များ၊ နယ်မြေရဲခန်းမှရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသနေပြည်သူများက ဆေးရုံဝန်းအတွင်း ဆေးကုသမှုခံယူသော ပြည်သူများပိုးမွှား အန္တရာယ်ကင်းရှင်းစေရေး၊ စိတ်အေးချမ်းသာစွာနေ ထိုင်နိုင်စေရေး၊ ဆေးရုံဝန်းအတွင်း အပြင်သန့်ရှင်းသာယာလှပစေရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ပင်၊ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်းနှင့် အမှိုက်များအား စနစ်တကျစွန့်ပစ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇင်လေး(ပြန်/ဆက်)