ကဝ အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းကြည်က မဲရုံမှူး ၊ ဒုတိယ မဲရုံမှူး သင်တန်း ဖွင့်လှစ်မည့် ကိစ္စရပ်များအကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ တာဝန်ခွဲဝေချထားမည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်တင်ရတနာဝင်း က မဲရုံသို့ ကိုယ်တိုင်လာရောက် မဲပေးနိုင်ခြင်းမရှိသည့် အသက် (၆၀)နှစ်နှင့် အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ယာယီမဲရုံ ဆောက်လုပ်အပ်နှံနိုင်ရေး ကိစ္စရပ်များ ၊ မဲရုံပြင်ပတွင် တာဝန်ချထားနိုင်ရေး ကိစ္စရပ်များ ၊ ကြိုတင်ဆန္ဒမဲ လက်မှတ်များ ရေတွက်ခြင်း ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)