ကျိုက်ဒုံ စက်တင်ဘာ ၁၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင်၊ ယနေ့နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး (Talk Show)ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး (Talk Show)တွင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်တို့မှ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုအများဆုံးနိုင်ငံများအကြောင်းနှင့် လူကုန်ကူးခံရမှုအခြေအနေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာ နားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်စသည့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေးအသိပညာပေးမှုများ အကျယ်တစ်ဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်