ပိုင်ကျုံ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် အ-ထ-က ပိုင်ကျုံကျောင်းရှိ ဆရာ/ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများက စုပေါင်းကာ ယနေ့နံနက်ပိုင်းက ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အ-ထ-က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများက ပိုင်ကျုံမြို့ မြို့မ-သာသနာပြု ပရဟိကျောင်းဆရာတော်ထံ ငါးပါးသီလ ခံယူပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ရခြင်းနှင့်ပတ်သက်သည့် တရားဒေသနာတော်များနှင့် ပရိတ်တရားတော်များ နာယူပြီးနောက် သံဃာတော်များတို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အ-ထ-က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများက ဆရာတော်၊ သံဃာတော်များအား နေ့ခင်းဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)