ငရုတ်ကောင်းမြို့၊တင်းချောင်း‌‌ကျေးရွာအုပ်စု၊ ငရုတ်ကောင်း တောင်ကျေးရွာတွင် ဝါးလုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ ဝါးလက်မှုပညာ အခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ငရုတ်ကောင်း စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ ငရုတ်ကောင်းတောင်ကျေးရွာတွင် မြန်မာနိုင်ငံ ဝါးလုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ဝါးလက်မှုပညာ အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဝါးလက်မှုလုပ်ငန်းမှ ဦးခင်မောင်ဦးက သင်တန်းသား၊သင်တန်းသူများအား ယခုဖွင့်လှစ်သင်ကြားမည့် လက်မှုပညာသင်တန်းကို စိတ်ပါဝင်စားစွာလေ့လာပြီး အသက်မွေး ဝမ်းကြောင်းလုပ်ငန်းအဖြစ် ရပ်တည်သွားနိုင်ကြောင်းနှင့် ဝါးများမှလူ့ အသုံးအဆောင်ပစ္စည်း အမျိုးမျိုးနှင့် ပရိဘောဂမျိုးစုံလည်း ထုတ်လုပ်နိုင်ကြောင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဝါးလက်မှုလုပ်ငန်းမှ ဦးခင်မောင်ဦး၊ ဦးသိန်းစိုး၊ ဦးဖိုးသားကြီး၊ ဒေါ်ခင်သန္တာကြူတို့မှ စာတွေ့၊ လက်တွေ့သင်ကြားပို့ချ ပေးခဲ့ကြသည်။၎င်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၀ဦး တက်ရောက်ပြီး သင်တန်းကာလမှာ သြဂုတ်၂၉ ရက်မှ စက်တင်ဘာ ၉ ရက်နေ့ထိ ၁၂ ရက်ကြာသင်ကြားပို့ချ‌ပေးခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)