ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စားသုံးဆီ ရောင်းချသူလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကြို့ပင်ကောက် စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စားသုံးဆီ ရောင်းချသူလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ခေါ်ယူတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ စားသုံးဆီကိစ္စအား အဓိကထား ဆွေးနွေးရန် ခေါ်ယူခြင်းဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတော်မှ ရောင်းချပေးသော စားအုန်းဆီအား တန်းစီစနစ်ဖြင့် မရောင်းချပဲ တုံကင်စနစ်ဖြင့် ရောင်းချရန်၊ စိစစ်ပြီး စားသုံးသူလက်ဝယ်ရောက်ရှိရန် အရေးကြီးကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ထားသည့် စျေးနှုန်းအတိုင်း ရောင်းချရန်၊ မြေပြင်အခြေအနေနှင့် ကြည့်ပြီး လုပ်ဆောင်ကြရန်၊ တစ်အိမ်ထောင် ငါးဆယ်သား ရောင်းချရန် အရေးကြီးကြောင်း၊ လုပ်ငန်းရှင်များဘက်မှသတင်းပို့ရန်နှင့် မပို့ပဲ စနစ်တကျ မရောင်းချလျင် တွေ့ရှိ့ပါက အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုယ်အတွက် အကျိုးမြတ်ကျန်ပြီး သူတစ်ပါး ဒုက္ခရောက်တာကိုလဲ ကူညီရာရောက်အောင် ရောင်းချပါရန်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြေပြင်အဖွဲ့အစည်းများ နှင့် ညှိုနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကြားခံမရောင်းပဲ တိုက်ရိုက်ရောင်းချရန်၊ အချိုးကျစနစ်ဖြင့် ရောင်းချရန်တို့အား ပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်က ဆီရောင်းချပေးမည့် စာရင်းအား ချပြပေးရန်နှင့် ရောဆီရောင်းချခြင်းနှင့် စျေးကစားလို၍ လှောင်တာမျိုးတွေ့ရှိလျင်လဲ အရေးယူမည်ဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များမှလည်း ရောင်းချချရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စားသုံးဆီ ရာင်းချပေးသာ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)