ကန်ကြီးထောင့် စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ မြို့နယ်ပြည့်သူ့ဆေးရုံဝန်း အတွင်း/အပြင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ထားရှိမှုကို ယနေ့နံနက်ပိုင်းက လာရောက် ကြည့် ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း တို့နှင့်အတူ ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ဆေးရုံဝန်း အတွင်း/အပြင်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ထားရာသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်ညွှန်မှာကြားခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် လုံခြုံရေးတပ် ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက အမှိုက်များ၊ချုံနွယ်ပိတ်ပေါင်းများ၊ မြက်များအား ရှင်းလင်းဖယ်ရှားကာ ဆေးရုံသန့်ရှင်းသာယာလှပစေရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်းစိုး(ပြန်/ဆက်)