ဘားအံ စက်တင်ဘာ ၁၀
ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့် ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကို ယမန်နေ့နံနက် ၁၀:၀၀ နာရီခန့်က ဘားအံ မြို့နယ်၊ အ-ထ-က(တောင်ကလေး) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဆရာ/ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက ဇာတိမာန် တေးသီချင်းဖြင့် လူငယ်စကားဝိုင်း အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ယင်းနောက်ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက နိုင်ငံတော်၏ဦးတည်ချက် (၉) ရပ်အနက် လူမှုရေး ကဏ္ဍတွင် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြင့် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေး အချက်ပါဝင်သည့်အတွက် လူငယ်များ ဦးဆောင်ဆွေးနွေးသည့် လူငယ်စကားဝိုင်း ကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ အစီအစဉ်တင်ဆက်သူ အဖြစ် ဘားအံခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး အ-ထ-က(တောင်ကလေး) ကျောင်းမှ Grade-10 ကျောင်းသား စောအောင်ကျော်စိုးက လူငယ်နှင့် အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-9 ကျောင်းသား စောမျိုးနိုင်သူ က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade-10 ကျောင်းသူ မသဇင်နှင်း က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသား မောင်နောင်ရဲလင်းနိုင်က လူငယ်နှင့် နည်းပညာ ၊ Grade-10 ကျောင်းသား မောင်အာကာကျော်က လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ များက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်းဦးဆောင် ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူ များ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)