ရေတာရှည်မြို့နယ်တွင် လူငယ်အသိပညာ​ပေး ​ဟော​ပြောပွဲ ကျင်းပပြုလုပ်

 

ရေတာရှည်  စက်တင်ဘာ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာန မှ  လူငယ်အသိပညာ​ပေးလုပ်ငန်းများအားဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက်ပိုင်းတွင် အ​ခြေခံပညာအထက်တန်း​ကျောင်း(ရေတာရှည်)၌ လူငယ်အသိပညာ​ပေးဟော​ပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်အသိပညာ​ပေးဟော​ပြောပွဲတွင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ငုဝါကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်ငူခရိုင် စား​သုံးသူရေးရာဦးစီးဌာနမှ ဌာနခွဲတာဝန်ခံ ဦးစောသန်းထိုက်ကျော်ကစားသုံးသူ၏တာဝန်နှင့်အခွင့်အရေးများ၊အစားအသောက်များတွင်ပါဝင်သော ဆိုးဆေးများ၊တာရှည်ခံဖော်မလင်ပါဝင်နိုင်သော အစား အသောက်များနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး ကုန်အညွှန်းအမှတ်သားပါ အစားအစာများ စားသုံးရေး အသိပညာပေးဟောပြောခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်​အေးဆုစံက လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် ကျန်းမာ​ရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်ကြီးပွား​ရေး စသည့်အ​ကြောင်းအရာများအားဆွေး​နွေး​ပြောကြားခဲ့သည်။

ထို့​နောက်  တက်​ရောက်လာသည့်ကျောင်းသူ​ကျောင်းသားများက  မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာ​ပေး ၊ က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေး၊ သက်ငယ်မုဒိမ်းကာကွယ်​ရေး အသိပညာ​ပေး နံရံကပ်စာ​စောင်များအား ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)