မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မုံရွာ  စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝါသနာတူသူများ စုစည်း၍  Book ClubWomen Club Youth Club များဖွဲ့စည်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club)၏အကြိမ် ( ၈၀ ) မြောက် စာဖတ်ဝိုင်းအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မုံရွာမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာမောင်စိန်လွင်  (မင်းကင်း)က  မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း( Book Club)၏ အကြိမ်( ၈၀) မြောက် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီးနောက် စာရေးဆရာမောင်နေညို(ပုလဲ)က ဆရာနေမင်းသန်း(မဲခေါင်စာပေဆုရ) ရေးသားသော မင်္ဂလာနံနက်ခင်း ဒွေးချိုးကဗျာပေါင်းချုပ်စာအုပ်အား ဦးဆောင်ဆွေးနွေးပြီးနောက်၊ ဆရာ ယဉ်မျိုးနုတင်၊ မြင့်နိုင်စိုး (ထီးလှိုင်မြေ)၊ အေးမင်းထက် (မုံရွာ)၊ရွှေဘိုမြင့်အောင်တို့နှင့်အတူ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club )အဖွဲ့အဝင်များ၊ စာပေဝါသနာ ရှင်များက  စာအုပ်ပါ အတွေးအခေါ် သုတ ရသအကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ ကြသည်။

ထို့နောက် မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club) အဖွဲ့ဝင်များ၊  စာပေဝါသနာရှင်များ၏ အစီအစဉ်အလိုက်ဆွေးနွေးခဲ့မှုများအပေါ်  မောင်နေညို (ပုလဲ)က ဖြည့်စွက်ဆွေးနွေးပြီး နောက် မောင်စိန်လွင် မင်းကင်းက နိဂုံချုပ်စကားပြောကြားကာ  အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ယနေ့ကျင်းပပြုလုပ်သော  မင်္ဂလာနံနက်ခင်း ဒွေးချိုးကဗျာများစာအုပ်တွင် ကဗျာပုဒ်ရေ (၁၈၉ ) ပုဒ်ပါဝင်ပြီး အင်္ဂလိပ် ၊မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေထားရှိကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာခရိုင်ရုံးအနေဖြင့် နှစ်ပတ်လျှင် တစ်ကြိမ် စနေနေ့တိုင်း စာဖတ်ဝိုင်းအခမ်းအနားများကျင်းပပြုလုပ်လျက်ရှိပြီး ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများရရှိစေရန် ဟော ပြောပွဲများ ဆောင်ရွက်ခြင်း၊ စာအုပ်များအခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်း တို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

  ‌ခရိုင်(ပြန်/ဆက်)