ရေစကြိုမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

 

ရေစကြို    စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီး၍ ရေစကြိုမြို့၊ ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ် လူကုန်ကူးမှုတား ဆီးကာကွယ်ရေးအဖွဲ့ က္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြား ခြင်း၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်နိုင်ဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပေးခြင်း၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ မြို့နယ်ဉပဒေအရာရှိ ဦးသန့်ဇင်အောင်က လူကုန်ကူးမှုနှင့်ပတ်သက်၍ ဥပဒေဆိုင်ရာကိစ္စရပ် များအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်လူကုန်ကူးမှုတား ဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်(၁)ဦးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက် သည့် လုပ်ငန်းဆောင်ရွက်ချက်များဆွေးနွေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက နိဂုံးချုပ် စကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးချမ်းမြေ့အောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) မြို့နယ်မှူး ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်ဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့ဝင်များ စုစုပေါင်း (၁၂၀)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)