စလင်းမြို့နယ်တွင် တရားမဝင်တင်ဆောင်လာသောကုန်ပစ္စည်းများမရှိစေရေး အရှိန်အဟုန်မြှင့်ကြပ်မတ်စစ်ဆေး ဆောင်ရွက်

စလင်း  စက်တင်ဘာ  ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေးအတွက် ကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စလင်းမြို့ စျေးမရပ်ကွက်စည်ပင် သာယာပန်းခြံအနီးစလင်းစည်ပင်သာယာစျေးအနီး၊ စလင်းဆင်ဖြူကျွန်းကားလမ်းမပေါ်နှင့် စလင်း-မင်းဘူးကားလမ်းမပေါ် နတ်ကြီးစင်အနီးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကြပ်မတ်စစ်ဆေးရာတွင်  မြို့နယ်အဆင့်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်စစ်ဆေးရေး အထူးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ရဲမှူးဌေးအောင်၊ မြို့နယ်အဆင့်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့က စလင်းမြို့  စျေးမရပ်ကွက် စည်ပင်သာယာပန်းခြံအနီးစလင်းစည်ပင်သာယာစျေးအနီး၊စလင်းဆင်ဖြူကျွန်း ကားလမ်းမပေါ်နှင့် မင်းဘူး-စလင်း သွားကားလမ်းမပေါ်နှင့် စလင်းနတ်ကြီးစင်ရှေ့တို့တွင် ဝင်ထွက်သွားလာလျက်ရှိသည့်  ကုန်ပစ္စည်းသယ်ဆောင်ယာဥ်များအားတရားမဝင်  ကုန်စည်စီးဆင်းမှုများအား စျေးကွက်သယ်ယူပို့ဆောင်မှု လမ်းကြောင်းများအပြင်  ဝင်/ထွက်မှုလမ်းကြောင်းတို့အား  စစ်ဆေးဖော်ထုတ်၍ဖြတ်သန်းသယ်ဆောင်ရာ  လမ်းကြောင်းတို့တွင်  စောင့်ကြည့်ရေးအဖွဲ့၊ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သတင်းရရှိရေး  ဆောင်ရွက်ရန်၊ တရားမဝင်ကန့်သတ်ကုန်ပစ္စည်းများသတင်းနှင့်ပတ်သက်၍  နယ်မြေအလိုက်ဖော်ထုတ်တားဆီးသွားရန်နှင့် ဆက်စပ်မြို့နယ်  ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီးများနှင့်ချိတ်ဆက်၍  ဖမ်းဆီးအရေးယူနိုင်ရေးဆောင်ရွက်နိုင်ရန် တားမြစ်/ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်လာသည့်  မော်တော်ယာဥ်အား  မိမိတို့တိုင်းဒေသကြီးအတွင်းမှ ဖြတ်သန်းသွားလာမှုမရှိစေရေးအတွက် အချိန်မီတားဆီးစစ်ဆေးနိုင်ရေး၊ ယာဥ်ပေါ်ပါကုန်ပစ္စည်းများနှင့်တင်ပြထားသည့် ID/ED စာရွက်စာတမ်းများ ကိုက်ညီမှုရှိ/ မရှိ အသေးစိတ်တိုက်ဆိုင်စိစစ်၍  အရေးယူဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးခဲ့ကြောင်းသိရသည်။

(မောင်လွင်)စလင်း