အိမ်မဲ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှမွေးဖွားလာသောအသက် (၂)နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးခြင်းအခမ်းအနားကို ယမန်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ခိုင်ဦးနှင့် မြောင်းမြခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင်မေဝင်းကျော်တို့ကအဖွင့် အမှာစကားနှင့် ငွေကြေးထောက်ပံ့ပေးရခြင်း၏ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး အိမ်မဲမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ကိုယ်ဝန်ဆောင်မိခင်(၁၄၆၄)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်(၂၉၃၂)ဦး စုစုပေါင်း(၄၄၀၁)ဦးတို့အတွက် စုစုပေါင်း(၁၈၉၀၁၅၀၀၀)ကျပ်အား တာဝန်ရှိသူအသီးသီးက လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)