ဖြူးမြို့နယ်၊ တာခြားအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြော

ဖြူး      စက်တင်ဘာ   ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တာခြားအခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)ရှိ ကျောင်းသား/ကျောင်းသူများအား ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူး မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီခွဲ အချိန်က အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တာခြားအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင် သီဝင်းကအဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဖြူးမြို့နယ် ပြန်ကြားရေး နင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်အိမာဟိန်းက တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူ များအား စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ စာကြည့်တိုက်များ အကြောင်းကို လည်းကောင်း၊ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပပလင်းက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာအ ကွယ်ပေးရေးဆိုင်ရာဥပဒေများ၊ ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသောက်ရေးကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြ ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၉၅)ဦးခန့်အား မူးယစ်ဆေးဝါး အမျိုးမျိုး၊ မူးယစ် အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံ ကပ်ပြဘုတ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများကပြသပေးခဲ့ကြ ကြောင်းသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)