ဝန်းသို အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လက်ရှိ သုံးစွဲလျက်ရှိသော သောက်သုံးရေများတွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားနိုင်သော ရောဂါ ပိုးမွှားများ ပါဝင်မှု ရှိ/မရှိကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Ecoli Test Kit များဖြင့် ကျေးရွာပေါင်း (၉၀) တွင် (ပထမအသုတ်) စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်းထံမှ သိရသည်။
ဝန်းသိုမြို့နယ်တွင် ကျေးရွာပေါင်း (၁၇၉)ရွာရှိသည့်အနက် RWS-MISစနစ်ဖြစ် ရေသုံးစွဲမှုအခြေ အနေကို ကျေးရွာ (၈၇)ရွာတွင် ကောက်ယူ နိုင်ခဲ့ပြီး၊ ယခု Ecoli Test Kit များဖြင့် စမ်းသပ်စစ်ဆေးရန် ကျန်ရှိနေသော ကျေးရွာများကိုလည်း ဆက်လက်စမ်းသပ်စစ်ဆေးပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)