ရေကြည် အောက်တိုဘာ ၁၆
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ကျန်းမာရေးအထောက်အကူပြုကော်မတီဝင်မှ တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀)နာရီအချိန်က စောင့်ကြည့်လူနာများထားသည့် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(၁)တွင် အသွားအလာ ကန့်သတ်ထားသူများနှင့် တာဝန်ကျအဖွဲ့များ အသုံးပြုနိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးအထောက်အကူပြု ကော်မတီဝင်များ၏ အလှူငွေဖြင့် နှာခေါင်းစည်း အခု(၃၀၀)၊ face shield အခု (၁၀၀)နှင့် ပိုးသတ်ဆေးဘူး(၁)ဘူးတို့ကို သွားရောက်လှူဒါန်းခဲ့ရာ ဆရာစံအုပ်ချုပ်ရေးမှူး ဦးဟန်အေးက လက်ခံရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများနှင့် တာဝန်ကျဝန်ထမ်းများအား နံနက်စာထမင်းဘူးများကိုလည်း ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)