ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ကွက်များအတွင်း ပိုးမွှားကျရောက်ဖျက်ဆီးမှု ရှိ/မရှိ ကင်းထောက်စစ်ဆေး

ထီးချိုင့် အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူးဒေါ်တင်စန်းနှင့် စိုက်ပျိုးရေးပညာပေး ဝန်ထမ်းများသည် မြို့နယ်နည်းပညာပြန့်ပွားရေး စင်တာအတွင်းရှိ တောင်သူ (၂) ဦး၏ မိုးစပါးစိုက်ဧက (၁၅) ဧက၊  ကွင်းကြီးနည်းပညာ ပြန့်ပွားရေး စင်တာအတွင်းရှိ  ကွင်းကြီးကျေးရွာ၊  လေသာကျေးရွာ၊  ရွှေလီကျေးရွာ၊   ကျောက်ပေါက်ချောင်း ကျေးရွာတို့မှ တောင်သူ (၇) ဦး၏ မိုးစပါးစိုက်ဧက (၃၅) ဧက၊ ညောင်ပင်သာ နည်းပညာ ပေးပြန့်ပွားရေး စင်တာအတွင်းရှိ  မရသိမ်ကျေးရွာမှ တောင်သူ( ၃ ) ဦး၏  မိုးစပါးစိုက်ဧက(၂၀) နှင့်  ကမ်းနီနည်းပညာပေး စင်တာအတွင်းရှိ ကမ်းနီကျေးရွာ တောင်သူ(၅)ဦး၏ မိုးစပါးစိုက်ဧက (၃၀)ဧကများကို ယမန်နေ့က ပိုးမွှား ကျရောက်ဖျက်ဆီးမှု ရှိ/မရှိ ကို ကင်းထောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးမွှားကျရောက်မှုရှိ/ မရှိကို  ကင်းထောက်စစ်ဆေးခဲ့ရာ  စီးပွားရေးအရထိခိုက်နိုင်သော ပိုးမွှားရောဂါ ကျရောက်မှု မရှိကြောင်း တွေ့ရှိရပြီး  တောင်သူများအနေဖြင့် မြေဆီလွှာပြဿနာများ၊ မျိုးစေ့ဆိုင်ရာများ၊ ပိုးမွှားရောဂါများ ဖြစ်ပေါ်လာပါက ဆက်သွယ်မေးမြန်းနိုင်ရန် စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ  မြေအသုံးချရေးပညာရှင်၊  မျိုးစေ့ပညာရှင်၊  သီးနှံကာကွယ်ရေး (ပိုးမွှားရောဂါ) ပညာရှင်တို့၏ ဖုန်းနံပတ်များအား တောင်သူများ၏ ဖုန်းကဒ်ထဲတွင် ထည့်သွင်း ပေးခြင်းနှင့်  တောင်သူများလေ့လာဖတ်ရှု့နိုင်ရန်  PP Application  များ ထည့်သွင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရဲလင်းထွန်း ( ထီးချိုင့် )