တမူးခရိုင် လူထုအခြေ​ပြုဗဟိုဌာနတွင် ဝန်ထမ်းများ အပတ်စဥ်စာဖတ်ဝိုင်း ပြုလုပ်

တမူး စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စက်တင်ဘာလ (၉) ရက်နေ့ညနေ (၃) နာရီအချိန်က ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးနှင့်အ​တွေးအ​မြင်သစ်များ တိုးတက်လာစေ​ရန်အတွက် ရုံးတွင်းစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော် ကဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများအပြင် စာပေဖတ်ရှု​လေ့လာခြင်းအားဖြင့် ပြင်ပဗဟုသုတများနှင့် အတွေးအခေါ် အမြင်သစ်များရရှိလာဖို့ အပတ်စဥ် သောကြာနေ့တိုင်း   စာဖတ်ဝိုင်း​ပြုလုပ်ရ​​ခြင်း​ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဥမ္မာစိုးနှင့် အငယ်တန်းစာရေး ဒေါ်ခင်မျိုးနွယ်တို့မှ စာရေးဆရာ ကိုကိုလင်း (အမေ့အိမ်)  ရေးသားသည့် တိုင်းပြည်အနာဂတ်ကို ထုဆစ်ခြင်း (ခံစားမှုအတွေးစာစု) စာအုပ်မှ လူ့တန်ဖိုး၊ လူထဲကလူတွေ စသည့်ခေါင်းစဥ်အကြောင်းအရာတို့အား  ဖတ်ကြားခဲ့​ကြပြီး ဝန်ထမ်းများက တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျနှင့်ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် တို့ကိုရည်ရွယ်၍ အပတ်စဥ်သောကြာနေ့တိုင်း စာဖတ်ဝိုင်းများ ဆောင်ရွက်နေသည့်အပြင် စာပေချစ်သူများအဖွဲ့များနှင့် စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ ကလေးများအတွက် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွတ်ပေးလျက်ရှိကြောင်း သိရသည်။

ရတနာ