ပြည် စက်တင်ဘာ ၉
ပြည်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် နဝင်ရပ်ကွက် ဖိုးခေါင်ရှိ သစ်ပင်ပိပြိုလဲပျက်စီးသွားသော နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ်လေးသိန်းနှင့်လူ (၈) ဦးအတွက် ဆန်ရိက္ခာဖိုး တစ်သောင်းခြောက်ထောင်ရှစ်ရာကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (တစ်သောင်းခြေက်ထောင်ရှစ်ရာကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါပုံး (၃) လုံးအား ထောက်ပံ့ပေးအပ် ခဲ့ပြီး ပြည်မြို့ခုတင် (၅၀၀) ဆံ အထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် သစ်ပင်ပိ၍ ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေသူ တစ်ဦးအား ဆေးကုသစရိတ် ငါးသောင်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဥက္ကဋ္ဌ ဦးဖိးသိန်းအောင်နှင့် ကော်မတီဝင်များက ပြည်မြို့နယ်ရှိ နဝင်းရပ်ကွက်နှင့် ပြည်သာယာရပ်ကွက်တို့အား ရေဝင်ရောက်မှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)