ပင်လည်ဘူး အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲများနှင့် သင်တန်းနည်းပြ အုပ်ချုပ်သူများအား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ နှာခေါင်း၊ အာခေါင်တိုဖတ်များ ရယူစစ်ဆေးမှုကို အောက်တိုဘာ ၁၆ ရက်နေ့ နံနက်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပင်လည်ဘူးမြို့နယ်တွင် မဲရုံပေါင်း (၁၂၈)ရုံရှိပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲများကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး သင်တန်းပေးပြုလုပ်ဆောင်ရွက်လျက်ရှိရာ မဲရုံများတွင် တာဝန်ထမ်း ဆောင်မည့် အထူးရဲသင်တန်းသား (၁၂၈)ဦးနှင့် သင်တန်းနည်းပြ(၁၂)ဦး၊ စုစုပေါင်း (၁၄၀)ဦးတို့အား Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုကို မြို့နယ်ပြည်သူးကျန်းမာရေးမှူး ဒေါက်တာ ကျော်နိုင်နှင့်ဝန်ထမ်းများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရယူစစ်ဆေး ဆောင်ရွက်ခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)