ဘုတလင်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀) နှစ်အထိ အမျိုးသမီးငယ်များကို အောက်တိုဘာလ (၂၀) ရက်က စတင်ပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေးမည်

ဘုတလင် အောက်တိုဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များ ကို အောက်တိုဘာလ(၂၀)ရက်က စတင်ပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဖြိုးကျော်အောင်ထံမှ သိရသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ၂၀၁၀ပြည့်နှစ်၊ စက်တင်ဘာလ() ရက်မှ ၂၀၁၁ခုနှစ်၊ ဩဂုတ်လ(၃၁)ရက်အတွင်း မွေးဖွားသည့် အသက်()နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် များကို ရပ်ကွက်/ကျေးရွာအလိုက် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျေးလက်ကျန်းမာရေးဌာန၊ မိခင်နှင့် ကလေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးမည် ဖြစ်သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး စီမံချက်ဖြင့် အောက်တို ဘာလနှင့် နိုဝင်ဘာလတို့တွင် ထိုးနှံပေးမည် ဖြစ်ပြီး ဘုတလင်မြို့နယ်တွင် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ဩဂုတ်လအတွင်းက ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာ အသက်(၉) နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် (၁၀၉၅) ဦး ရှိကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)