ကန်ကြီးထောင့် အောက်တိုဘာ ၁၆
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများအသိပညာ၊ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အွန်လိုင်းမှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို အပတ်စဉ်တိုင်း ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိပြီး ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကဗျာရွတ် အစီအစဉ်ကို ရိုက်ကူးတင်ဆက် ခဲ့သည်။
ကဗျာရွတ် အစီအစဉ်တွင် စာရေးဆရာ ရေနံ့မောင်ကျော်ညွန့် ရေးသားသည့် "မေတ္တာဖျန်းပါ ပန်းကမ္ဘာ " ကဗျာလေးကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်နွယ်နွယ်ထွန်း က ရွတ်ပြခဲ့ပြီး အဆိုပါ ကဗျာရွတ် အစီအစဉ်ကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာနှင့် IPRD Kangyidaunt Facebook Page တို့မှ အွန်လိုင်းစနစ်ဖြင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကန်ကြီးထောင့်မြို့နယ် ပြည်သူ့စာကြည့်တိုက်ကို ယာယီပိတ်ထားစဉ် ကာလအတွင်း စာဖတ်ပရိသတ်များ၊ ကလေးငယ်များနှင့် ပြည်သူများ အသိပညာ၊ ဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေး အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို အပတ်စဉ်တိုင်း အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
နန်းထိုက်(ပြန်/ဆက်)