အုတ်ဖိုမြို့နယ်တွင် ရှေ့ဦးပြုစုခြင်းအခြေခံ သင်တန်းပို့ချ

အုတ်ဖို စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အ.ထ.က (ခွဲ) ကျပ်ချောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေ့ဦးပြုစုခြင်းအခြေခံ သင်တန်းကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် လက်တွေ့သင်ကြားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းထက်မှဦးစီး၍ သင်တန်ဆရာများက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ပတ်တီးစီးခြင်း၊ ရှော့လက္ခဏာအကြောင်းနှင့် ရှေ့ဦးပြုစုခြင်းဆိုင်ရာဘာသာရပ်များကို လက်တွေ့သင်ကြား ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းသားသင်တန်းသူ (၇၀) ဦးတက်ရောက်သင်ယူလျှက်ရှိကြောင်း သိရသည်။

အောင်သူ