ခန္တီးမြို့နယ်တွင် စာချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ခန္တီး   စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီးခန္တီးခရိုင်၊ ခန္တီးမြို့နယ်တွင် လူငယ်လူရွယ်များစာပေလေ့ လာဖတ်ရှုရင်းဖြင့် ရရှိလာသော ဗဟုသုတများကို လူငယ်အချင်းချင်းဖလှယ်တတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်အတွက် ယမန်နေ့မွန်းလွှဲ (၂)နာရီအချိန်က ခရိုင်ပြည်သူ့စာ ကြည့်တိုက်၌ စာချစ်သူများ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်တင်မာဦးက ယနေ့ခေတ်မျိုးဆက်သစ်လူငယ်ကလေးများ ဗဟုသုတကြွယ်ဝနေဖို့လို အပ်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိတို့၏အတွေးအမြင်၊ အတွေးအခေါ်များမှန်ကန်လာပြီး လူ့ပတ်ဝန်းကျင်တွင်လည်း လိမ္မာယဉ်ကျေးသော သားကောင်းသမီးကောင်းလေး များဖြစ်လာ သည့်အတွက် လူ့ပတ်ဝန်းကျင်၏လေး စားအတုယူရသူများ ဖြစ်လာနိုင်ကြောင်း စသည်ဖြစ် ဦးဆောင်ဆွေးနွေးပြီး နောက်စာရေးဆရာမောင်နေခြည် (ပြည်)ရေးသားသည့် နှလုံးသား ထဲကခဲလက်ရေးနှင့်အခြားဝတ္တုတိုများစာအုပ်မှအခန်း(၁၀) ပါအညွှန့်အဖူးဆွတ်ခူးစဉ်လာ ခေါင်းစဉ်ဖြင့် လည်းကောင်း မောင်ပါခါးက မိမိဖတ်ရှုခဲ့သည့် စာအုပ်စာစောင်များစွာထဲမှ စာရေးဆရာ ဒဂုန်တာရာ ရေးသားသည့် ကောင်းကင်ကရွှေပိန်ညင်းရယ်မိုးခေါ်လို့ ဆင်းစာအုပ်ပါ မိုးခေါ်လို့ ဆင်းခေါင်း စဉ်ဖြင့်လည်းကောင်း မောင်ဝမ်းကမ်းကစာရေးဆရာ လင်္ကာရည်ကျော်ရေး သားသည့် နေညိုကမ်းနဖူး စာအုပ်ထဲမှနတ်ဆိုးခေါင်းစဉ်ဖြင့် အသီးသီးစာအုပ်ပါအကြောင်း အရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့သည်။

ယင်းနောက် စာဖတ်ဝိုင်းသို့တက်ရောက်သူ စာချစ်သူများက စိတ်ဝင်တစားလေ့လာရင်းဖြင့် မိမိတို့ဖတ်မှတ်ထားသော ဗဟုသုတများကိုလည်း ပြန်လည်မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အေးခိုင်(ပြန်/ဆက်)