ယင်းမာပင် စက်တင်ဘာလ ၈
နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ယမန်နံနက်(၉)နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “စာတတ်မြောက်ရေးဝိုင်းကူပေး” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)