ကျောင်းကုန်းမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ကျောင်းကုန်း စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) လူထု အခြေပြုဗဟိုဌာန၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပညာအလယ်တန်းဆင့် ပန်းချီပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၇)ဦး ယှဉ်ပြိုင်ခဲ့ပြီး အခြေခံပညာအလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲကို "စာမတတ်သူ တို့ဝိုင်းကူ" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၄)ဦးနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို "စာမတတ်သူပပျောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။

အဆိုပါ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ‌ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူမျာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)