မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ကြိုတင်မဲပုံးထောင်ခြင်း ဆောင်ရွက်

မင်းတုန်း အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ထည့်နိုင်ရန် ကြိုတင်မဲပုံးထောင်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောက်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကြိုတင်မဲပုံးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တို့၏ ရှေ့မှောက်တွင် ကြိုတင်မဲပုံးကို လုံခြုံရေးကြိုး ချိတ်ပိတ်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကြိုတင်မဲပုံးတွင် နိုင်ငံခြားနှင့် မြို့နယ်ပြင်ပရောက်ရှိနေသူများ၊ အချုပ်ကျနေသူများ၏ ကြိုတင်များ ထည့်သွားမည်ဖြစ်ပြီး မင်းတုန်းမြို့နယ်တွင် မဲရုံ(၁၀၄)ရုံ၊ မဲဆန္ဒရှင်ဦးရေ (၅၀၀၄၄) ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးကြည် ထံမှသိရှိရသည်။

ချင်းကလေး (NRDC)