ဆင်ပေါင်ဝဲ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ လက်မှတ် ထည့်မည့်မဲပုံးများအား လုံခြုံရေးကြိုးဖြင့်ချိတ်ပိတ်ခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးအောင်တင့်က ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များ ၊ကြိုတင်ဆန္ဒမဲပုံးများ လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ခိုင်မို့မို့ကျော်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များက ကြိုတင်ဆန္ဒမဲပုံများအား လွှတ်တော်ကိုယ်စားလှယ်လောင်းများ
၏ရှေ့တွင် လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းအဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀- ပြည့်နှစ် ၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ (၁၃၀) ရုံ ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ( ၉၆၀၀၀ ) ခန့်ရှိပြီး မဲဆန္ဒနယ်ပြင်ပနိုင်ငံခြားကြိုတင်မဲပေးပိုင်ခွင်ရှိသူ (၁၈၈) ဦး ၊ မဲဆန္ဒ နယ် ပြင်ပ ပြည်တွင်းကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၂၀ )ဦးခန့် ၊ မဲဆန္ဒနယ်ပြင်ပ တပ်မတော်သားများနှင့် အတူနေမိသားစုဝင် များ တပ်ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၆၃) ဦး ရှိပြီး စုစုပေါင်း ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအနေဖြင့် စုစုပေါင်း (၂၇၁) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)