ကြို့ပင်ကောက် စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆီလုပ်ငန်းရှင်များ၏ အရောင်းဆိုင်များတွင် စားသုံးဆီများကို သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းဖြင့် ရောင်းချပေးလျက် ရှိသည်။
ထိုသို့ရောင်းချပေးခြင်းကို လမ်းသစ်တန်းလမ်းမှ ဦးကောက်ကုန်စုံဆိုင်၊ အောင်ဒင်လမ်းမှ ဦးတင့်ဆွေ ကုန်စုံဆိုင်၊ ဈေး (၂) အတွင်းမှ ဦးစိုးလေး ကုန်စုံဆိုင်၊ ဈေး (၁) အတွင်းမှ ဒေါ်မြင့်မြင့်စိန် ကုန်စုံဆိုင်နှင့် ပွဲစားတန်းလမ်းမှ ဦးသိန်းလွင်ကုန်စုံဆိုင်တို့တွင် ရည်ညွှန်းလက်ကားစျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ငါးဆယ်ကျပ်သားဝင် စားအုန်းဆီတစ်ဘူးလျှင် (၂၂၅၀) ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးကို တစ်ဘူးနှုန်းရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆီရောင်းချပေးသော ဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ရာင်းချ ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)