လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို အ.ထ.က ရွှေလောင်းကျောင်း၌ ကျင်းပ

ဝါးခယ်မ စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က အ.ထ.က ရွှေလောင်းကျောင်း မေခခန်းမ၌ လူငယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ လူငယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် "အသိပညာမြင့်မားဖို့ စာဖတ်ကြပါစို့"၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ဆိုးမှကင်းဝေးစေရန် ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ ကုန်အညွှန်းအမှတ်အသားနှင့် ကုန်စည်ဝန်ဆောင်မှုများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ အားကစားအမျိုးအစားနှင့် အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ‌‌ ပေးနံရံကပ်စားစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)