ရေတာရှည်မြို့နယ် Community Centreခန်းမ၌ “​​လူငယ်နှင့်အ​ကောင်းဆုံး​သောဘဝကိုတည်​ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရေတာရှည် စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀း၀၀ နာရီအချိန်က စာရေးဆရာ ​​​ဒေါက်တာခင်​မောင်ညိုရေးသားသည့် "​​လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်​​​​ကြူကြူခိုင်မှ စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်ဦး​ငွေစိုးက "​အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦး​ဇော်​​ဇော်ထွေးမှ" ရှက်စိတ်​ကြောက်စိတ်နဲ့​အောင်စိတ်" ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဒေါ်ကြူကြူခိုင်က "​မှားမှာကိုမ​ကြောက်ပါနဲ့"​ခေါင်းစဥ်ဖြင့်လည်း​ကောင်း (Woman Club) အဖွဲ့၀င်​မကြည်လဲ့ဝါမှ "​လူငယ်နှင့်စူးစမ်း​လေ့လာမှုများ" ဖြင့်လည်းကောင်း ခေါင်းစဉ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ အလယ်တန်းဆင့် ကျောင်းသား/ ကျောင်းသူများက တက်ရောက်နားထောင်ကြပြီး  စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာဗဟုသုတများ စသည်တို့ကို ရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)