အင်္ဂပူမြို့၌ ပြည်သူများအား စားသုံးဆီများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

အင်္ဂပူ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၌ အခြေခံလူတန်းစားပြည်သူများအား စားသုံးမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းက မြို့မဈေးအနီးတွင် ရောင်းချပေးခဲ့သည်။

မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားအုန်းဆီရည်ညွှန်းစျေး တစ်ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ငါးဆယ်ကျပ်သားနှုန်းဖြင့် စုစုပေါင်းပိဿာချိန် (၅၅၀)ကိုရောင်းချပေးခဲ့‌ကြောင်းသိရသည်။

မန်းကျော်(ပြန် /ဆက်)